ဝက်ခြံ က ပိုးဝင်နေတာလား………………
Unicodeဖြင့်ဖတ်ရန် ဝက်ခြံ လူတိုင်းနဲ့ရင်းနှီးပြီးသားစကားလုံး။ အများစုနဲ့ ရင်းနှီးနေတဲ့ အရေပြားပြဿနာဟုတ်။ မျက်နှာမှာတင်မဟုတ်ဘဲ ခန္ဓာကိုယ်နေရာ တော်တော်များများမှာ ပေါက်တတ်ပါတယ်။ ဝက်ခြံကပေါက်ပြီး လွယ်လွယ်နဲ့ ပျောက်သွားလေ့မရှိသလို အခန့်မသင့်ရင် ပိုးဝင်တတ်ပါတယ်။ ပိုးဝင်တဲ့အခါ နောက်ဆက်တွဲ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်ပါသေးတယ်။ ဒီပြဿနာတွေ ကင်းစေဖို့ ဝက်ခြံပိုးဝင်တာနဲ့ပတ်သက်ပြီး သိထားဖို့ လိုမယ် အကြောင်းအရာလေးတွေကို ပြောပြပေးမယ်နော်။ ဝက်ခြံပိုးဝင်ခြင်း ဆိုတာ Propionibacterium acnes လို့ခေါ်တဲ့ ဘက်တီးရီးယားက အရေပြားပေါ်မှာ ရှင်သန်နေထိုင်ကြပါတယ်။ သူတို့က ပုံမှန်အတိုင်းဆိုရင် အရေပြားကို ထိခိုက်စေတာမျိုးလုံးဝ မရှိပေမယ့် အဆီဂလင်းတွေမှာ ဆဲလ်သေတွေ၊ ဖုန်မှုန့်တွေနဲ့ ပိတ်ဆို့သွားတဲ့အခါ ဘက်တီးရီးယား ပေါက်ဖွားမှုကို စတင်ပါတယ်။ ဒီလို ပေါက်ဖွားတဲ့အခါ ကိုယ်ခံအားက တုံ့ပြန်တိုက်ခိုက်ရာကနေ ရောင်ရမ်းနီရဲတဲ့ ဝက်ခြံတွေဖြစ်လာပါတယ်။ ဒါတွေက တဖြည်းဖြည်း ရောင်လာပြီး ကြီးသထက် ကြီးလာကြပါတယ်။ ဒီလိုအနေအထားမှာ ဝက်ခြံကို ညှစ်လိုက်မယ်ဆိုရင် အရေပြားပေါက်ပြဲမှုကနေ ဘက်တီးရီးယားက အရေပြားထဲကို ဝင်သွားပြီး ပိုး...