ဝက်ခြံ က ပိုးဝင်နေတာလား………………
Unicodeဖြင့်ဖတ်ရန်
ဝက်ခြံ လူတိုင်းနဲ့ရင်းနှီးပြီးသားစကားလုံး။ အများစုနဲ့ ရင်းနှီးနေတဲ့ အရေပြားပြဿနာဟုတ်။ မျက်နှာမှာတင်မဟုတ်ဘဲ ခန္ဓာကိုယ်နေရာ တော်တော်များများမှာ ပေါက်တတ်ပါတယ်။ ဝက်ခြံကပေါက်ပြီး လွယ်လွယ်နဲ့ ပျောက်သွားလေ့မရှိသလို အခန့်မသင့်ရင် ပိုးဝင်တတ်ပါတယ်။ ပိုးဝင်တဲ့အခါ နောက်ဆက်တွဲ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်ပါသေးတယ်။ ဒီပြဿနာတွေ ကင်းစေဖို့ ဝက်ခြံပိုးဝင်တာနဲ့ပတ်သက်ပြီး သိထားဖို့ လိုမယ် အကြောင်းအရာလေးတွေကို ပြောပြပေးမယ်နော်။
ဝက်ခြံပိုးဝင်ခြင်း ဆိုတာ
Propionibacterium acnes လို့ခေါ်တဲ့ ဘက်တီးရီးယားက အရေပြားပေါ်မှာ ရှင်သန်နေထိုင်ကြပါတယ်။ သူတို့က ပုံမှန်အတိုင်းဆိုရင် အရေပြားကို ထိခိုက်စေတာမျိုးလုံးဝ မရှိပေမယ့် အဆီဂလင်းတွေမှာ ဆဲလ်သေတွေ၊ ဖုန်မှုန့်တွေနဲ့ ပိတ်ဆို့သွားတဲ့အခါ ဘက်တီးရီးယား ပေါက်ဖွားမှုကို စတင်ပါတယ်။ ဒီလို ပေါက်ဖွားတဲ့အခါ ကိုယ်ခံအားက တုံ့ပြန်တိုက်ခိုက်ရာကနေ ရောင်ရမ်းနီရဲတဲ့ ဝက်ခြံတွေဖြစ်လာပါတယ်။ ဒါတွေက တဖြည်းဖြည်း ရောင်လာပြီး ကြီးသထက် ကြီးလာကြပါတယ်။
ဒီလိုအနေအထားမှာ ဝက်ခြံကို ညှစ်လိုက်မယ်ဆိုရင် အရေပြားပေါက်ပြဲမှုကနေ ဘက်တီးရီးယားက အရေပြားထဲကို ဝင်သွားပြီး ပိုးဝင်ကူးစက်ပါတယ်။ ရလဒ်ကတော့ နာကျင်ရောင်ရမ်းနေတဲ့ ဝက်ခြံရယ် ဝက်ခြံ သက်သာသွားရင်တောင် ကျန်ရစ်ခဲ့တဲ့ အမာရွတ်၊ အမဲစက်တွေပါ။
ဝက်ခြံ ပိုးဝင်နေလား ဘယ်လို သိနိုင်မလဲ………
ဝက်ခြံက ပုံမှန်အားဖြင့်တော့ သူ့အလိုလို သက်သာသွားတတ်ကြပါတယ်။ တကယ်လို့ ဝက်ခြံက
ပုံမှန်ထက် အရွယ်အစား တော်တော်လေးကြီးနေမယ်
နီရဲနေမယ်
ရောင်ရမ်းမယ်
အနာကျက်ဖို့ ကြာနေမယ်
အထိမခံနိုင်အောင် နာနေမယ်
ပြည်တွေနဲ့ ပြည့်နေမယ် ဆိုရင် ဝက်ခြံပိုးဝင်နေတာပါ။
တကယ်လို့ အရမ်းပြင်းထန်မယ်ဆိုရင်
နီရဲပြီး အထိမခံနိုင်အောင်နာနေတဲ့ အဖုအကြီးကြီးဖြစ်နေမယ်
ကိုယ်ပူမယ်
ခြေကုန်လက်ပမ်းကျမယ်
နေရတာ မသက်မသာဖြစ်နေမယ် စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
ဘယ်လို သက်သာအောင် လုပ်ရမလဲ…………
ကုသနည်းကတော့ ဝက်ခြံကို ဝင်ရောက်နေတဲ့ ဘက်တီးရီးယားတွေကို နှိမ်နှင်းဖို့ပါပဲ။ ဒီတော့ ဝက်ခြံ ပိုးဝင်ကူးစက်တာက အရမ်းမပြင်းထန်ဘူးဆိုရင် နေအိမ်မှာတင် အခုလို ကုသပေးလို့ရပါတယ်။
ရေနွေးဝတ်ကပ်ပါ – ဝက်ခြံဖြစ်နေတဲ့နေရာကို တဘက်စ သန့်သန့်လေးကို ရေနွေးစိမ်လို့ ရေစင်အောင်ညှစ်ပြီး ခပ်နွေးနွေးအနေအထားမှာ ကပ်ပေးပါ။ ဝက်ခြံကို ဖိညှစ်တာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်ပေးတာက ပြည်တွေ၊ အဆီတွေ နဲ့ အညစ်အကြေးတွေကို အရေပြား အပေါ်ယံလွှာထိရောက်လာအောင် ဆွဲယူပေးနိုင်ပါတယ်။
benzoyl peroxide လိမ်းပေးပါ – ဒီလိမ်းဆေးကို ဆေးဆိုင်တွေမှာ အလွယ်တကူမေးမြန်းဝယ်ယူလို့ရပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဒီဆေးကို သန့်စင်ထားတဲ့ ဝက်ခြံနဲ့ ဝက်ခြံတဝိုက်ကိုတစ်နေ့ နှစ်ကြိမ် မှန်မှန်လေးလိမ်းပေးပါ။
သန့်စင်အောင် ထားပေးပါ – ဝက်ခြံကို လက်နဲ့မထိပါနဲ့။ ပုံမှန် သန့်ရှင်းရေးလုပ်ပေးပါ။ ပုံမှန် သန့်စင်ပေးတာက ပိုးဝင်ကူးစက်တာကို သက်သာစေပြီး နောက်ထပ် ပိုးမဝင်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
လေဝင်လေထွက်ကောင်းအောင် ထားပေးပါ – မျက်နှာပေါ်မှာ မဟုတ်ဘဲ ခန္ဓာကိုယ် အခြားနေရာတွေမှာ ဝက်ခြံပေါက်နေခဲ့မယ်ဆိုရင် လေဝင်လေထွက်ကောင်းအောင် ချည်သား ပွပွချောင်ချောင်လေးတွေ ဝတ်ထားပေးပါ။
အဝတ်အစားတွေကို သန့်ရှင်းရေးဂရုစိုက်ပါ – အဝတ်အစားတွေကို ပုံမှန် လဲလှယ်ပေးပါ။
မကုတ်ပါနဲ့ – ဝက်ခြံဖြစ်တဲ့အခါ ကုတ်ချင် ဖဲ့ချင်စိတ်က အလိုလိုဖြစ်တာပါ။ ညှစ်ပလိုက်ရ၊ ကုတ်လိုက်ရင် အဆံကြီးထွက်လာမှာ စသဖြင့်ပေါ့။ ဒါပေမယ့် မကုတ်ပါနဲ့။ ဝက်ခြံကို ကုတ်ဖဲ့တာက ပိုးဝင်နိုင်ခြေများလို့ပါ။
မိတ်ကပ် မလိမ်းပါနဲ့ – ဝက်ခြံဖြစ်တဲ့အခါ မိတ်ကပ်မလိမ်းပါနဲ့။ ချွေးပေါက်တွေ ပိတ်ဆို့ပြီး ဝက်ခြံပိုဆိုးလာနိုင်တာကြောင့်ပါ။
ဘယ်လို ကာကွယ်မလဲ ………
ဝက်ခြံ ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ဆိုရင် ပုံမှန်သန့်စင်ပါ။ ဝက်ခြံဖြစ်လာခဲ့ရင် ကုတ်ဖဲ့တာမျိုး မလုပ်ပါနဲ့။ အသားအရေကို ပုံမှန် သန့်စင်ပြီး ချွေးပေါက်တွေ ပိတ်ဆို့မှုကင်းအောင် ဂရုစိုက်ပေးပါ။ လေ့ကျင့်ခန်း လုပ်ပေးပါ။ အပြင်ကပြန်လာတိုင်း မျက်နှာကို သေချာ သန့်စင်ပါ။
CREDIT Original Post
Mikado Anti-Acne ၁၀၀ % ဝက်ခြံပျောက်ဆေး
မည်သည့် ဝက်ခြံ မဆို ပျောက်ကင်းဖို့ ၁၀၀ % အာမခံ ပြီးရောင်းပေးနေပါတယ်။ ထိုင်းနိုင်ငံမှာ အကောင်းဆုံးအဖြစ်သတ်မှတ်ခံထားရတာကြောင့် ဝက်ခြံတွေအတွက်စိတ်ပူစရာမလိုတော့ဘူးပေါ့.။MIKADO ၀က်ခြံပျောက်ဆေးက Thai နိုင်ငံရှိ သက်တမ်း ၈၅ နှစ်ရှိပြီဖြစ်တဲ့ Japan ပိုင်စက်ရုံကထုပ်လုပ်တာဖြစ်ပါတယ်။၀က်ခြံမျိုးစုံကိုနာရီပိုင်းအတွင်းပျောက်ကင်းဖို့အာမခံပါတယ်နေ်။
၀က်ခြံ ဆား၀က်ခြံ များအပြင် ကြာဆူး မျက်နှာ ရင်ဘတ် ကျောကုန်း မှာရှိတဲ့၀က်ခြံတွေကို ပျောက်ကင်းနိုင်ပါတယ် နှာခေါင်းရှိကြာဆူးများအတွက်ဆိုရင်တော့ ဆပ်ပြာကိုသုံးကြည့်ပါ တစ်ခါသုံးရုံဖြင့် ပျောက်ကင်းနိုင်ပါသည် ချွေးပေါက်အတွင်းရှိ ဖုံ ပိုးမွား မှို အဆီအိပ်များကို သန့်ရှင်းပေးနိုင်သည့်အတွက် ကြာဆူးဖြစ်ချင်း ၀က်ခြံပေါက်ခြင်းကို ကာကွယ်ပေးပါသည်။
#ဆေးကိုဝယ်ယူချင်တယ်ဆိုရင်
ယခုလအတွက် 40% - Discount နဲ့ရောင်းချပေးမှာပါ။ ပုံမှန်စျေးနှုန်း ၁၃၅၀၀ ကို ၄၀% လျှော့စျေးဖြင့် ၈၀၀၀ နဲ့ရောင်းချပေးမှာပါ။ အထူးအစီအစဥ်အနေနဲ့ ဆေး၀ယ်ရင် ၀က်ခြံပျောက် ဆေးဆပ်ပြာအလကားပေးမှာဖြစ်တာကြောင့် ဆပ်ပြာကိုသီးသန့်ဝယ်စရာမလိုတော့ဘူးပေါ့ ။
ဆပ်ပြာသီးသန့်၀ယ်လိုပါက ပုံမှန်စျေး ၆၀၀၀ ကို ၅၀% လျှော့စျေးဖြင့် ၃၀၀၀ နဲ့ရောင်းချပေးပါမယ် ။ ကဲ Discount က ဒီတလပဲဆိုတော့ မြန်မြန်သာ၀ယ်ထားကြနော် ဆေးနဲ့ဆပ်ပြာ နှစ်ခုပေါင်းကို ၁၉၅၀၀ အစား ၈၀၀၀ ထဲနဲ့ရမှာ ဆေးအတွက်အာမခံထားတာကြောင့်မပျောက်ရင် ၁၀၀% ငွေပြန်အမ်းတော့ ဘာမှဆုံးရှုံးစရာမရှိဘူး ။
မှာယူလိုပါက Page Messenger (သို့) 09886212012 သို့ ဆက်သွယ်မှာယူနိုင်ပါသည်။ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေ ဖြင့်ပို့ဆောင်ပေးပြီး နယ်မြို့များအတွက် ငွေလွှဲရောက် ကားဂိတ်တင်ပေးပါသည်။
ဆက်သွယ်ရန်ဖုန်း - 09-886212012/09-773866414
viber // whatsapp - 09-886212012
facebook Page - https://www.facebook.com/mikadoacnegel/
ကတစ်ဆင့်ဝယ်ယူအားပေးနိုင်ပါတယ်။
#MikadoAntiAcneGel
#100%အာမခံဝက်ခြံပျောက်ဆေး
Comments
Post a Comment